Thursday, May 26, 2016

                                     ကမ္ဘာအဦးအစ၌ ထိမ်းမြားလက်ထပ်ခြင်း
        
                      သင်တို့ သည်ထိုကမ္ဘာဦးစအ၌ ထိမ်းမြား လက်ထပ်ခြင်းအကြောင်း။

၁။ဘုရားသခင်သည် မည်သို့ဖန်ဆင်း၍ အဘယ်မှုပြုတော်မူသနည်း။
တဖန် ဘုရားသခင်ကလည်း၊  ငါတို့ပုံသဏ္ဍာန်နှင့်တညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။  သူသည်
ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်း  ကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေပြင်လုံးနှင့်တကွ၊မြေပေါ်
မှာသွား တွားတတ်သောတိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။-ထိုသို့ဘုရားသခင်သည်
 မိမိ ပုံသဏ္ဍာန်နှင့်အညီ  လူကိုဖန်ဆင်းတော်မူ၏။  ဘုရားသခင်၏  ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊
လူမိန်းမကို ဖန်ဆင်း ပြီးလျှင်၊--    အချင်းတို့၊ များစွာမွေးဘွားကြလော့။   မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့
 ပင်လယ်ငါးတို့ကို၎င်း၊  မိုဃ်းကောင်းကင်ငှက် တို့ကို၎င်း၊  အသက်ရှင်၍  မြေပေါ်မှာ လှုပ်ရှာ တတ်သော တိရိစ္ဆာန် အပေါင်း တို့ကို၎င်း အုပ်စိုးတော်မူ၍ သူတို့ကို သူတို့ကိုကောင်းကြီးပေးတော်မူ၏။( ကမ္ဘာဦးကျမ်း၁း
၂၆-၂၈)

၂။ထာဝရ ဘုရားသခင်သည် လူယောက်ျား တယောက်တည်း အဘယ်သို့အမိန်တော်ရှိ၍ အဘယ်သို့ အကြံ
စည်တော်ရှိသနည်း။
ထာဝရ အရှင် ဘုရား သခင် က လည်း၊ ယောက်ျားသည် တယောက်တည်းမနေကာင်း၊သူနှင့်တော်သောအ
ထောက်မကို သူ့အဘို့ငါလုပ်ဦးမည်ဟု အကြံစည်ရှိတော်၏။-- ထာဝရ အရှင် ဘုရားသခင်သည် မြေတိရစ္ဆာန်
တို့နှင့်၊မိုဃ်းကောင်းငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊လူသည်အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သြိခင်းငှါ၊ လူရှိရာသို့ ဆောင်ခဲ့တော် မူ၏။လူသည်လည်း
အသက်ရှင်သော  သတ္တဝါ အပေါင်းတို့ကို  ခေါ်ဝေါ်သမုတ်သည်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။
သို့သော်လည်း အထောက်အမ မပေါ်မရှိသေး။ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် လူကိုကြီးသောအိပ်ခြင်းဖြင့်အိပ်စေတော်မူ၍၊လူသည်အိပ်ပျော်စဉ်နံရိုးတချောင်းကို 
ဘုရားသခင်ထုပ်ပြီးလျှင် ထိုအရိုးအစားအသားစေ့စပ်စေတော်မူ၏။ --  ထာဝရအရှင်ဘုရားသခင်သည်   လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်းတော်၍လူရှိရာသို့
ဆောင်ခဲ့တော်မူ၏။-- လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲ ထုတ်သောကြောင့် သူ့ကိုမိန်းမဟုခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။--ထိုကြောင့် ယောက်ျားသည် ကိုယ် မဘ
ကို စွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်ဖြစ်ရလိမ့်မည်။--ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင့်နှင့်ကင်း
လွတ်ကြ၏။ (ကမ္မာကျမ်း ၂း၁၈-၂၅)

၃။ယေရှုခရစ်တော်သည် အမျိုးသားနှင့် အမျိုးသမီးထိမ်းမြားလက်ထပ်ခြင်းကိုအဘယ်သို့ဖေါ်ပြင်ခြင်းရှိသနည်း
ကိုယ်တော်က၊ အစအဦး၌  ဖန်ဆင်း တော် မူသောသူသည်  ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်း တော် မူ ၏။ ထိုကြောင်း ကြောင့် ယောက်ျား ကိုယ်မိဘ ကို
စွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတည်း တကိုယ် တည်းဖြစ်လိမ့်မည်ဟု ကျမ်းစာဆိုသည်ကိုသင်တို့မဘတ်ဘူးသလော့။--ထိုကြောင့်လင်
မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ဘုရား သခင် ဘက်စပ်၍ ထမ်း ဘိုး တင်တော် မူသော အရာ ကို လူမခွဲမခွါစေနှင့် မိန့်တော်မူ၏( ရှင်မဿဲခရစ်ဝင်ကျမ်း ၁၉
၎-၆)

၎။ယေရှုခရစ်တော် ကောင်းကင်ဘုံသို့တက်ကြွပြီးသည်နောက် ပေါ်လာသော ဘုရားသခင်၏ တမန်တော် ရှင်ပေါလုသည် ထိမ်းမြားလက်ထပ်ခြင်းအား အသို့ အကြံပြုသနည်း။
သင်တို့ သည် ငါ့ ထံသို့  ပေးလိုက်သောစာ ပါသောအရာများမှာ ယောက်ကျားသည် မိန်းမနှင့်  မဆက်ဆံပဲနေလျှင် ကောင်းသော်လည်း၊မတရားသောမေထုံနှင့် ကင်းလွတ်မည့် အကြောင်း ယောက်ကျားတိုင်း မိမိမယားရှိစေလော့ ။ယောက်ကျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုလော့ ။ထိုနည်းတူ မိန်းမသည် လည်းဆက်ဆံခြင်းဝတ်ကို မိမိလင်အားပြုစေလော. ။ မိန်းမသည်မိမိကိုယ်ကိုမပိုင်၊လင်သည်ပိုင်၏။ထိုနည်းတူ ယောက်ကျားသည်လည်းမိမိကိုယ်ကိုမပိုင် ၊မယားသည်ပိုင်၏။ အချင်းချင်းခင်ပွန်းဝတ်ကိုမပယ်ရှောင်ကြနှင့် ။ထိုသို့ ဆိုသော် ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ သဘောတူရှ်ျခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင် ကိုယ်ကိုမချုပ်တီးနိုင်သောအားဖြင့် စာတန်သည်အပြစ်သို့ သွေးဆောင်ရသောအခွင့်မရှိစေခြင်းငှာ နောက်တဖန်အတူနေကြလော့ ။ သို့ ရာတွင်ပညတ်မထားပဲ အခွင့် ပေးခြင်းအားဖြင့်သာ ငါဆို၏။လူအပေါင်းတို့ သည် ငါကဲသို့ ဖြစ်စေခြင်းငှာ ငါအလိုရှိ၏။သို့ သော်လည်း လူအသီးသီးတို့ သည် ဘုရားသခင်ပေးသနားတော်မူသည့် အတိုင်း အသီးသီးသောဆုကျေးဇူးကို ခံရကြ၏။ ထို့ ကြောင့် မယားမရှိသောသူတို့ နှင့်  မုဆိုးမတို့ ကို ငါဆိုသည်ကား ထိုသူတို့ သည် ငါကဲ့သို့ နေလျှင် ကောင်း၏။ သို့ သော် လည်း ကာမဂုဏ်ကို မချုပ်တည်းနိုင်လျင် ထိမ်းမြားစုံဖက်ခြင်းကိုပြုကြစေ။ ကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။ ခင်ပွန်းရှိသောသူတို့ ကိုလည်း ငါပညတ်သည်သာမက သခင်ဘုရား ပညတ်တောမူသည်ကား မယားသည်မိမိခင်ပွန်းကို မစွန့် ပြစ်စေနှင့် ။ စွန့် ပြစ်လျှင် ခင်ပွန်းမရှိပဲနေစေ။ သို့ မဟုတ်လျှင် ခင်ပွန်းဟောင်းထံသို့  ပြန်၍ အသင့်အတင့် နေစေ။ ယောက်ကျားသည်လည်း မိမိမယားနှင့် မကွာစေနှင့် ။ ကြွင်းသောသူတို့ ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ပဲ ငါပညတ်သည်ကား တစုံတယောက်သော ညီအကိုသည် မယုံကြည်သောမယားရှိရ်ျ ထိုမယားသည် မိမိခင်ပွန်းနှင့်နေခြင်းငှာ အလိုရှိလျှင်မကွာစေနှင့် ။ ထိုနည်းတူမိန်းမသည်လည်း မယံကြည်သောခင်ပွန်းရှိ၍ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှါ အလိုရှိလျှင်မကွာစေနှင့် ။ အကြောင်းမူကား ၊မယုံကြည်သောလင်သည် မိမိမယာအဖို့ စင်ကြယ်သည်။ မယုံကြည်သောမယားသည်လည်း မိမိလင်အဖို့ စင်ကြယ်သည်။ သို့မဟုတ်လျှင်တို့ ၏သားသမီးသည် မစင်ကြယ်။ယခုတွင်စင်ကြယ်ကြ၏။သို့ သော် မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ထိုသို့ ပြုလျှင် တပည့်တော်သည် ယောက်ကျားဖြစ်စေ၊မိန်းမဖြစ်စေ ချည်နှောင်ခြင်းမရှိ ။ငါတို့ သည်အသင့်အတင့်နေစေခြင်းငှါ ၊ဘုရားသခင်၏ပညတ်တော်ရှိ၏။ အချင်းမိန်းမသင်သည် ကိုယ်ခင်ပွန်းကိုကယ်တင်မည်၊မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ကျား သင်သည်ကိုယ့် ခင်ပွန်းကို ကယ်တင်မည် မကယ်တင်မည်ကိုအဘယ်သို့ သိသနည်း ။
သခင်ဘုရားသည် လူအသီးသီးတို့ အား ဝေငှတော်မူ၍ ဘုရားသခင်သည် လူအသီးသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ။ ခပ်သိမ်းသောအသင်းတော်တို့ ကို ထိုသို့ ငါပညတ်၏။ အရေဖျားလှီးခြင်းကိုခံသောသူသည် ခေါ်တော်မူသောကျေးဇူးကိုခံရလျှင် အရေဖျားလှီးခြင်းကိုမစွန့် စေနှင့်။ အရေဖျားလှီးခြင်းကိုမခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် အရေဖျားလှီးခြင်းကိုမခံစေနှင့်။ အရေဖျားလှီးခြင်းအားဖြင့်အကျိုးမရှိ၊မခံပဲနေခြင်းအားဖြင့်လဲအကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အက်ြအမှုကိုလုပ်နေ၏။ ထိုသို့ လူတိုင်းလုပ်နေစေ။ အစေခံကျွန်ဖြစ်ရ်ျ ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်းလွှတ်ခြင်းသို့ ရောက်နိုင်လျှင် လှိတ်ရသောအခွင့်ကိုသာရ်ျ သုံးဆောင်လော့ ။ အကြောင်းမူကားကျွန်ဖြစ်စဉ် သခင်ဘုရားခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ြုရား၏လူလွှတ်ဖြစ်၏။ ထိုနည်းတူလူလွှတ်ဖြစ်စဉ် ခေါ်တော်မူခြင်းကိုခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။ သင်တို့ သည်အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်ရ်ျ လူထံအလိုအလျှောက်ကျွန်မခံကြနှင့်  ။ ညီအကိုတို့ ခွေ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အက်ြအမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင်ရှေ့ တော် လူတိုင်းလုပ်နေစေ။ ။
ခင်ပွန်းမရှိသောသူတို့ ၏ အမှုမှာ သခင်ဘုရား၏ပညတ်တော်သည် ငါမရှိသော်လည်း ၊ငါသည်သစာရှိသောသူ ဖြစ်အံ့သော ငှာ သခင်ဘုရား၏ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။ စီရင်ချက်ဟူမူကား ယခုညှင်းဆဲခြင်းအကြောင်းကြောင့်  ၊ခင်ပွန်းမရှိလျှင်ကောင်း၏။ သင်သည်မယားရှိလျှင် လွှတ်စေခြင်းငှာ မကြံစည်နှင့် ။
မယားနှင့်လွှတ်လျှင် အခြားသောမယားကိုမရှာနှင့် ။ သို့ သော်လည်း သင်သည် မယားနေလျှင်အပြစ်မရှိ ။ လင်မနေဘူးသောမိန်းမသည်လည်း လင်နေလျှင်အပြစ်မရှိ။ သို့ သော်လည်း ထိုသို့ ပြု့ သောသူတို့ သည် လောကညှင်းဆဲခြင်းဒုခကို ခံရကြလိမ့်မည်။ က်ျအမှုအရာ ကျပ်တည်းစွာသောပညတ်ကို ငါမထားလို ။ ညီအကိုတို့  ငါဆိုသည်ကား ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်ဖြစ်ရ်ျ မယားရှိသောသူသည် မယားမရှိသကဲ့ သို့ ဖြစ်ရမည်။ ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ၀မ်းမြောက်သောသူသည် ၀မ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစာဝယ်သောသူသည် အလျှင်းမရှိသကဲ့ သို့ ဖြစ်ရမည်။ က်ျလောကကိုသုံးသောသူသည် မသုံးသကဲ့ သို့ ဖြစ်ရမည်။ အကြောင်းမူကား က်ျလောက၏အဆင်းသဏန်သည် ရွေ့ သွားကွယ်ပျောက်တတ်၏။ သင်တို့ သည်စိုးရိမ်ခြင်းနှင့် ကင်းလွှတ်စေခြငးငှာအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏စိတ်တော်နှင့်တွေ့ စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောသူမူကား မိမိမယား၏စိတ်နှင့်တွေ့စေခြင်းငှာ လောကီအမှုကိုသတိထားတတ်၏။ ထိုနည်းတူ ခင်ပွန်းမရှိသောမိန်းမနှင့်  ခင်ပွန်းရှိသောမိန်းမသည်ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသောမိန်းမသည် ကိုယ်ခံနာ စိတ်ဝိဥာဉ်နှစ်ပါးကို သန့် ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာသတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား မိမိခင်ပွန်းစိတ်နှင့်တွေ့ စေခြင်းငှာ လောကီအမှုကိုသတိထားတတ်၏။ ထိုသို့ ငါဆိုသော် ၊သင်တို့ အကျိုးကိုသာထောက်ရ်ျ ငါဆို ၏။ သင်တို့ ကို နှောင့်ယှက်ချင်သောစိတ်နှင့် ဆိုသည်မဟုတ်။ သင်တို့ သည်လျှောက်ပါတ်စွာ ကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိပဲ ဘုရားသခင်၏၀တ်ကို အမြဲပြုစေခြင်းငှါသာ က်ျသို့ ဆို ၏။
အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျှောက်ပါတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာ အကြောင်းလည်းရှိလျှင် ၊ထိုသူသည်အလိုအလျှောက်ပြုစေ။ အပြစ်မရှိထိမ်းမြားကြစေ။ သို့သော်လည်းမိမိ၏စိတ်နှလုံး တည်ကြည်ခြင်းရှိရ်ျ ပြု လိုသည်အတိုင်း ပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကို ချုပ်တီးနိုင်သောအခွင့်ရှိသောကြောင့် ၊မထိမ်းမြားပဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင်ဆုံးဖြတ်သောသူ သည် ကောင်းစွာပြု၏။ သို့ရာတွင်မဂင်္လာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား သာရ်ျကောင်စွာပြု၏။ မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပါတ်လုံး တရားအားဖြင့်ခြည်နှောင်လျှက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား မိမိအလိုအတိုင်း သခင်ဘုရားသာ အခြားသောသူ၏ မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏။ အခွင့်ရှိသော်လည်း အခြားသောသူ၏ မယားမဖြစ်ဘဲ နေလျှင် သာ၍ မင်္ဂလာ ရှိသည်ဟု ငါသဘောရှိ၏။ ငါလည်း ဘုရားသခင်၏ ၀ိဥာဉ်တော် ရှါတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။


 သမ္မာကျမ်းစာ ကောရိန္တြုသြဝါဒစာပဌမစောင် ၇း-၁-၄၀

No comments:

Post a Comment