Friday, June 10, 2016

ကမ္ဘာအပေါ်မှာ အမျိုးသမီများ နိုင်ငံတော်၏ ခေါင်းတောင်ဖြစ်ဘို့ သို့သော်လည်း သမ္မာတရားနှင့်ညီရဲ့လား


မင်တို့ မိန်းမတွေပြောတော့ ၊ ယောက်ကျာတွေနဲ့ အခွင့်ရေးတန်းတူ လိုချင်တယ်ဆိုတော့၊ ရှေး လူကြီးသူမတွေ ပြောတာ ကြားဖူးတယ်ဗျ။
အဲ့ဒါပြောလို့ ၊ ကရင်သီချင်းတပုဒ်ကို ၊ အသက် ၁၀ နှစ်၊ ၁၅နှစ်လောက်က ကြားဖူးတယ်။ ဘယ်လိုဆိုလဲသိလာ။
ဆောဖားအိုအိုး ၊ မူဆေ၀ါးလိး၊ ဆောမို အိုအိုး၊ ဘွာဖောအော်လိး။
အဓိပါယ်ရော သိလာ။ အဓိပါယ်ကတော့၊ ကြက်ဖတွန်လို့ မိုးလင်းသွားပြီ၊ ကြက်မတွန်လို့  ၊ သူများ ချက်စားလိုက်ပြီ။ လို့ အဓိပါယ်ရှိတယ်။ အဲ ဒီတော့ ကြက်မတွန်လို့ မိုးလင်းတာရှိရဲ့ လား။
ပြောယင်တော့ကြိုက်မှာလဲ မဟုတ်ပါဘူးဗျာ။ ခနနေ ပါဦးဗျာ၊ မင်းမွေးထဲက ခရစ်ယာန် ။ ကျမ်းစာ မှာ ဘာပြောထားလဲ။ အဲ ဒီတော့ ဗျာ ၊ မင်းကို ကျမ်းစာဖတ်ပြမယ်။
ထာဝရ အရှင် ဘုရားသခင်ကလဲ၊ ယောက်ကျားသည် တယောက်ထဲ မနေကောင်း။ သူနှင့်တော်သော အထောက်အမကို ၊ သူ့ဖို့ ငါလုပ်ဦးမည်ဟု အကြံ ရှိတော်မူ၏။ ထာဝရ အရှင် ဘုရားသခင်သည်၊ မြေ တိ ရ စ္ဆန် တို့ နှင့် ၊ မိုးကောင်းကင် ငှက်အပေါင်းတို့ ကို၊ မြေဖြင့် ဖန်ဆင်းတော်မူပြီးလျှင် ၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို၊ သိခြင်းငှာ၊လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တ၀ါ ၊ အပေါင်းတို့ ကို ခေါ် ဝေါ် သမုတ်သည့်အတိုင်း၊ အမည် အသီးသီးရှိကြ၏။ ထိုသို့ လူသည်၊ သားယဉ် အမျိုးမျိုးတို့ ကို ၎င်း၊ မိုးကောင်းကင် ငှက် အပေါင်းတို့ ကို ၎င်း၊ သားရဲ အပေါင်း တို က်ု ၎င်း၊ အမည်ပေး၍ မည့်လေ၏။ သို့ သော်လည်း၊ လူ နှင့် တော်သော အထောက်အမ မပေါ် မရှိသေး။
ထိုအခါ ထာဝရအရှင် ဘုရားသခင်သည်၊ လူကို ကြီးသော အိပ်ခြင်းဖြင့် ၊ အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ န့ရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီး လျှင်၊ ထိုအရိုးအစား၊ အသားကို ၊ စေ့စပ်စေတော်မူ၏။ ထာဝရ အရှင် ဘုရားသခင်သည်၊ လူထဲ ကထုတ်သော နံရိုးဖြင့် ၊ လူမိန်းမကို ဖန်ဆင်း၍၊ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။ လူကလဲ၊ ယခု ဤ သူသည်၊ ငါ့အရိုးထဲ ကအရိုး၊ ငါ့အသားထဲ ကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို၊ လူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု၊ ဆိုလေ၏။
ကမ္ဘဦးကျမ်း ၂ါ် ၁၈း ၂၃။
ကဲ....ကောင်းပြီ၊ ဒါဆိုယင်မိန်းမက ယောက်ကျားနဲ့ တန်းတူနေချင်တယ်၊ ဆိုတော့ ဘုရားသခင်က ဒီလိုပြောတယ်ကွဲ့။ ယောက်ကျားတယောက်ထဲ မနေသင့်ဘူး လို.့ပြောတယ်။ ဒါကြောင့်ဘုရားသခင်က အကူအညီ အထောက်အမရှာတယ်။ တိရ စ္ဆန်တွေ ကိုလဲ ရှာတယ်၊ မတွေ့ ဘူးလို့ ပြောတယ်။ ဒါနဲ့ ဘုရားသခင်ဘယ်လို ဖန်ဆင်းလဲဆိုတာ၊ မင်းကို လိုရင်းပြောပြမယ်။
ဘုရားသခင်က လူကို ကြီးစွာသော အိပ်စက်ခြင်းကိုပေးလိုက်တယ်။ ပြီးတော့ လူယောက်ကျားရဲ့ နံ ရိုးကိုထုတ်ပြီး၊ လူမိန်းမအဖြစ်ုရားသခင်က ဖန်ဆင်းလိုက်တယ်။ အဲဒီတော့၊ ဘုရားသခင်က လူရှိရာကို ဆောင်ခဲ့ ပြီး၊ သူတို့ နှစ်ယောက်ကို ထိမ်းမြားလိုက်တယ်။ အဲဒါနဲ့ ယောက်ကျားက ဘယ်လိုခေါ် သလဲ ဆိုတာ၊ မိန်းမ လို့ ခေါ်ဝေါ် အပ်တယ်လို့ ပြောတယ်။
အဲ့ ဒီတော့ ယောက်ကျားနဲ့ တန်းတူ ဖြစ်နိုင်ပါ့ မလား။ဒီမှာတော့ မိန်းမဟာ မိန်းမပဲ ၊ ယောက်ကျားနဲ့ တန်းတူ မဖြစ်နိုင်ဘူး။ ယောက်ကျားတွေ ထက် ၊ ထက်မြက်ဖို့ မစဉ်းစား နဲ့။
ခင်ပွန်းကို အမှီပြုတယ်လို့ ပြောတယ်။ မိန်းမဆိုတဲ့ အမျိုးက၊ ယောက်ကျားကို မှီခိုရတယ်။ သူက ယောက်ကျားနောက်မှ ဖြစ်လာတယ်။ ယောက်ကျားနံရိုးထဲ ကဖြစ်လာတယ်။ ယောက်ကျားတွေကို အုပ်စိုးဖို့ မဟုတ်ဖူး။ အထောက်အမ အတွက်သာ ဖြစ်တယ်။
ဘမောင်ဆိုတဲ့ ကောင်ကလေ၊ ဟိုးငယ်ငယ်ထဲက၊ ခရစ်ယာန် မဟုတ်ဖူးဗျ။ ဗုဒ္ဒ ဘာသာထဲမှာလဲ ရှာ ကြည့်ပါဦး။ မိန်းမတွေက ဘုရားကျင့်လို့ ရတယ်ဆိုတာတွေ့ ဘူးလား။ တယောက်ယောက်ကများ၊ ဒဏ္ဍာ ရီထဲမှာ ပြောတာ ကြားဘူးလား။
ကျုပ်ပြောယင်လဲ ၊ရန်ဖြစ်ရမယ်။ မင်းနဲ့ ရမှ၊ ခရစ်ယာန်ဖြစ်လာတာ။ ကျမ်းစာကိုဖတ်ပြီး၊ ဖန်ဆင်းခြင်းကိုနားလည်တာ။
ဒါနဲ့ နောက်ကျမ်းတပိုဒ်လောက်ဆက်ဖတ်ရအောင်။
အချင်းမိန်းမတို့ ၊သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းက်ု ၀န်ခံ သကဲ့ သို့ ၊ကို့ ခင်ပွန်း၏ အုပ်စိုးခြင်းကို ၀န်ခံကြလော့။ အကြောင်းမူကား ခရစ်တော်သည်၊ အသင်းတော်၏အပေါ်မှာ။ ခေါင်းဖြစ်တော်မူသကဲ့ သို့ ၊ ယောက်ကျားသည် မိမိ၏ ခင်ပွန်းအပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း၊ မိမိကိုယ်ကိုကယ်တင်သောသူဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို၊ ၀န်ခံသကဲ့ သို့ ၊ မိန်းမတို့ သည်လည်း၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ၀န်ခံ ကြ ရမည်။ အချင်းယောက်ကျားတို့ ၊ ခရစ်တော်သည်၊ အသင်းတော်ကို ချစ်တော်မူသကဲ့ သို့ ၊ သင်တို့ လည်း ၊ကိုယ့်ခင်ပွန်းကို ချစ်ကြလော့။
ဧဖက်သြ၀ါဒစာ ၅း ၂၂-၂၅။
ကဲ ဒီမှာပြောထားတယ်၊ ဘုရားသခင်အုပ်စိုးခြင်းကိုအသင်းတော်သည် ခံသကဲ့ သို့ ၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို မိန်းမသည် ခံရမည်။
ကဲ၊ အဲ့ ကျမ်းပိုဒ်ကို ဖတ်ပြီးတဲ့ အခါ၊ မိန်းမက ယောက်ကျားနဲ့ တန်းတူနေလို့ မရဘူးဆိုတာ သိစေရမယ်။ မင်းတို့ ကလဲ ခင်ပွန်း၏ အုပ်စိုးခြင်းအောက်ကို ၀န်ခံရမယ်။ ဘယ်လိုလုပ်ယောက်ကျားနဲ့ တန်းတူရှိရမှာလဲ။ ဘုရားစကား၊ လူစကားမဟုတ်ဖူး။ မိန်းမတွေ ထောင်ထောင်နဲ့ ။ ဘုရားကို ဆရာမလုပ်နဲ့ ။
ထိုနည်းတူ၊ ယောက်ကျားတို့ ၊ ဆုတောင်းခြင်းအမှု၌ ၊အဆီးအတားမရှိစေခြင်းငှာ၊အသက်ရှင်ခြင်းကျေးဇူးတော်ကို၊ ဆက်ဆံ၍ အမွေရသောသူချင်းကဲ့ သို့ ၊သတိပညာနှင့်လျော်စွာ၊ ကိုယ့်ခင်ပွန်းနှင့် အတူနေ၍၊ အားနည်းသောသူကို ပြုသင့်သည့်အတိုင်း၊ သူ့ ကိုစောင်မပြုစုလော့၊ အချုပ်အခြာ စကားဟူမူကား၊ သင်တို့ အပေါင်းသည်၊ စိတ်တညီတညွှတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအကိုချင်းကဲ့ သို့ ၊ ချစ်ခြင်း၊သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။
ရှင်ပေတရု သြ၀ါဒစာ၊ပထမစောင် ၃း ၇-၈။
မိန်းမက ယောက်ကျားရဲ့ အကူညီ အထောက်ပံ့ ဖြစ်တယ်။ ဆရာကြီးလုပ်၍ မရဘူး။ ယောက်ကျားတွေရဲ့ အုပ်စိုးခြင်းကိုခံရမယ်။ အဲ့ဒီတော့ယောက်ကျားနဲ့ ရင်ဘောင်တန်းဖို့ မဖြစ်နိုင်တာ။
မမေ၀င်း၊ မင်းတို့ မြို့ သူက၊ ကျုပ်တို့ တောသားကို လူလည်လုပ်နေတယ်။
သန့် ရှင်းသောမြို့ တည်းဟူသော၊ ယေရုရှလင်မြို့ သစ်သည်၊ မိမိခင်ပွန်းဖို့ ၊တန်ဆာဆင်သော၊မင်္ဂလာဆောင် သတို့ သမီး ကဲ့ သို့ ပြင်ဆင်လျှက်၊ ဘုရားသခင်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်၏။
ဗျာဒိတ် ၂၁း၂။
ဒီကျမ်းမှာက ဒီလိုဥပမာပေးထားတယ်။
ခရစ်တော်က အသင်းတော်ရဲ့ ခေါင်းအုပ်ဖြစ်တယ်။ခင်ပွန်းအတွက်၊ကျုပ်တို့ က အမြဲတမ်းပြင်ဆင်ပေးရမယ်။ခင်ပွန်းထက်ပိုပြီး၊ မကြီးကျယ်ရဘူး၊ ကဲ..ဒါနဲ့ ငယ်ငယ်က ကျု ပ်မိဘတွေ၊ပြောတာ ပြောပြရဦးမယ်။ ခရစ်ယာန်ကျမ်းစာမှာ မဟုတ်ဖူး၊ အပြင်မှာပါ။
လင်ကို ဘုရား၊သားကိုသခင်။
ဗုဓ္ဒ ဘာသာအရ၊ မိန်းမတွေက။လင်ကိုဘုရား၊ သားကိုလဲ၊ မွေးထားတာမှန်ပေမဲ့၊ သခင်ကဲ့ သို့ လေးစားရမယ် လို့ ရှေး လူကြီးတွေ ဥပမာ ပေးထားတာပဲ။
အချင်းမိန်းမတို့ ၊သခင်ဘုရား၌ လျှောက်ပါတ်သည့်အတိုင်း၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့၊အချင်းယောက်ကျားတို့ ။ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။
ကောလောသဲ သြ၀ါဒစာ ၃း ၁၈-၁၉။
ကဲ...နေပါဦးဗျာ၊ မိန်းမကောင်း မိန်းမမြတ် ဖြစ်ချင်ယင်၊ ကျုပ်ပြော စရာ ရှိတယ်။
သီလနှင့်ပြည့်စုံသောမိန်းမ ကို အဘယ်သူတွေ့ရသနည်း။ ထိုသို့ သော မိန်းမသည်၊ ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေ၏။
သုတ္တံကျမ်း ၃၁း ၁၀။
မမေ၀င်းရေ၊ ယောက်ကျားနှင် ရင်ဘောင်တန်းလို့ ၊ ဆင်းရဲခြင်းနှင့်ကင်းလွှတ်မယ်ဆိုယင်၊
သူ၏ခင်ပွန်းသည် သူ့ကို ယုံ၍ ၊ဆင်းရဲခြင်းနှင့်က င်းလွှတ်လိမ့်မည်။
သုတ္တံ ၃၁း ၁၁။
မမေ၀င်း၊ မိန်းမမြတ်ဖြစ်ချင်ယင်၊ဘာလုပ်ရမယ်ဆိုတာ သိချင်ယင်၊
ထိုမယားသည် မိမိခင်ပွန်း အကျိုးကို မဖျက်၊ တသက်လုံး ပြုစုတတ်၏။
သုတ္တံကျမ်း ၃၁း ၁၃။၁၂။
မမေ၀င်း၊ ပညာတတ် ၊ ဥာဏ်ထက်ရမယ်ဆိုယင်၊
သိုးမွေးနှင့် ၀ါကိုရှာ၍ ၊မိမိလက်ဖြင့် အလိုအလျှောက်လုပ်တတ်၏။
သုတ္တံ ကျမ်း ၃၁း ၁၃။
မမေ၀င်း...... တော်တတ်တဲ့ မိန်းမဖြစ်ချင်ယင်၊
ကုန်သည်သင်္ဘော ကဲ့သို့ ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ရွက်တတ်၏။
သုတ္တံ ကျမ်း ၃၁း ၁၄။
အဲဒါနဲ့ ကျုပ်ငယ်ငယ်က ဖိုးဖွားတွေပြောတာကြားဖူးတယ်။
မိန်းမကောင်းတွေဟာ ယောက်ကျားဝတ်ပြုတဲ့ ၊ အိမ်ထောင်ရှင်ကောင်းဖြစ်ချင်ယင်၊
မိုးမလင်းမှီထလျှက်၊ အိမ်သူအိမ်သားတို့ အား၊ စားစရာက်ု ၎င်း၊ ကျွန်မတို့ အား၊အငန်းအတာကို ပေးဝေတတ်၏။
သုတ္တ့ ကျမ်း ၃၁း ၁၅။
မမေ၀င်း .... သိပ်တော်သိပ်တတ်စေချင်ယင်၊
ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေဖြင့်၊ စပျစ်ဥယျာဉ်ပြုစုတတ်၏။ မိမိခါးကိုခွန်အားနှင့်စည်း၍၊မိမိလက်တို ကို သန်မြန်စေတတ်၏။မိမိလုပ်သော ဥစ္စာကောင်းသည်ကို ရိပ်မိ၍၊သူ၏ မီးခွက်သည် တညလုံးမသေတတ်။ ချည် ကိုဖြစ်စေတတ်သော၊ တန်ဆာတို့ ကို၊ ကိုယ် လက်နှင့်ကိုင်၍၊လုပ်ဆောင်တတ်၏။ဆင်းရဲသော သူတို့ အား၊ လက်ကို ဖြန့်၍၊ငတ်မွတ်သောသူတို့ အား၊ လက်ရုံးကို ဆန့် တတ်၏။ မိုးပွင့် ကျသော်လည်း၊ မိမိအိမ်သူအိမ်သားတို့ အတွက်၊ မစိုးရိမ်။ အိမ်သူအိမ်သားအပေါင်တို့ သည်၊ ကတ္တီပါ နီကို ၀တ်ကြ၏။ ကို ယ့်အဖို့ စောင်တို့ ကို၊ ရက်၍ ၊ပိတ်ချောနှင့် ၊ မောင်းသော အ၀တ်ကို ၀တ်တတ်၏။ သူ၏ခင်ပွန်းသည်လည်း မြို့ တံခါးတို့ ၌၊ပြည်သားအသက်ကြီးသူတို့ နှင့် ထိုင်၍၊ ထင်ရှားသောသူဖြစ်ရ၏။ချောသော အထည်အလိပ်ကို ယက်၍ ရောင်းတတ်၏။ ခါးစည်းတို့ ကိုလည်း၊ ကုန်သည်ချတတ်၏။ သူလုပ်သော အထည်အလိပ်သည် ခိုင်ခန့်္က၍၊ လှသော အဆင်းနှင့် ၊ပြည့် စုံသဖြင့်၊ သူသည်နောင်ကာလ၌၊ ၀မ်းမြောက်လိမ့်မည်။ ပညာစကားကို ပြောတတ်၍၊ မေတ္တာတရားအားဖြင့်၊ နျုတ် မြွက်တတ်၏။ အိမ်သူအိမ်သား ပြုသမျှတို့ ကို၊ ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။ သူ၏ သားသမီးတို့ သည်၊ ထ၍ အမိကို ကောင်းကြီးပေးတတ်၏။ သူ၏ခင်ပွန်းကလဲ၊ လူမျိုးးသမီးအများတို့ သည် ကောင်းစွာ ပြုကြပြီး၊ သို့ ရာတွင် သင်သည်၊ ထို သူအပေါင်းတို့ ကို ၊ လွန်ကဲပြီ ဟု သူ့ ကို ချီးမွမ်းတတ်၏။ယဉ်ကျေးသောအရာသည်၊ လှည့် စားခြင်းနှင့် ယှဉ်တတ်၏။ လှသော အဆင်းသည်လည်း အချည့်နှီးဖြစ်၏။ ထာဝရ ဘုရားကို ကြောက်ရွံ့ သော၊ မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ ထို သို့ သော မိန်းမ ကျင့်ရာ အကျိုးကို၊ ပေးလော့။ သူပြုသမျှ အမှုသည်၊ မြို့ တခါးတို့ ၌၊ သူ၏ အသရေကို ထင်ရှားစေသတည်း။
သုတ္တံ ကျမ်း ၃၁း ၁၈-၃၁။
ယောက်ကျားနှင့်တန်းတူနေချင်ယင်တော့။ ကြက်မတွန်လို့ ၊ သူများချက်စားလိမ့်မယ်။ ဒီလောက်ဆိုနားလည်လောက်ပြီထင်ပါတယ်။ဘုန်းကြီးကျောင်း သားဆိုပြီးတော့၊ စာမတတ်၊ နီုင်ငံတကာ မရောက်ဖူး၊ အထင်မသေးပါနဲ့ ဗျာ။ ယောဘ မိန်းမလို ဘုရားကို မကျိန်ဆဲ ခိုင်းနဲ့ ။ မမေ၀င်းရယ်၊ ဘုရားစကား တရားစကားနားထောင်၊ ကိုယ်ထင်ရာ မလုပ်နှင့်၊ အရူးဖြစ်သွားမယ်၊ တန်းတူချင်တာ လာမပြောနဲ့ ၊ ဒဏ္ဍာရီစကားတွေ။ အပျော်စကားတွေနှင့် ၊နောက်တခါ၊ အဲ့ အကြောင်း နှင့်ပါတ်သပ်ပြီး လာမပြောနှင့်။
တောမှာနေတာဆိုပြီး၊ အထင်မသေးပါနှင့်။ ခေါင်းမမော့နိုင်အောင်ပြောပြစ်လိုက်မယ်သိလား။

No comments:

Post a Comment